၁။ ဗုဒ္ဓတရားတော်နှင့် နိုင်ငံရေးအဓိပ္ပါယ်ညှိနှိုင်းသုံးသပ်ချက်အကျဉ်း
နိုင်ငံရေးဟူသော ဝေါဟာရကို ယေဘုယျအများအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရလျင် နိုင်ငံ
= နိုင်ငံတစ်ခု၊ နိုင်ငံအများ (ကမ္ဘာ၊ လောက) ၏ စား၊ ၀တ်၊ နေရေး၊ ပညာရေး၊
ကျန်းမာရေး စသည့် အကျိုးစီးပွားရေးရာ အားလုံးဟု သတ်မှတ်နိုင်ပါသည်။
ဝိသေသအထူးအားဖြင့်မူ ကာလတစ်ကန့် တွင် နိုင်ငံသားတို့ ကို ဆင်းရဲနိမ့်ကျစေသော
အဓမ္မ၀ါဒီ =အာဏာရှင်တို့ ကို တော်လှန်သောအရေးဟုဆိုနိုင်ပါသည်။ အသို့ ဆိုလျှင်
နိုင်ငံရေးအဓိပ္ပါယ် သဘာဝသည် ဗုဒ္ဓတရားတော်ရှုထောင့်အရ မည်သို
့ရှုမြင်နိုင်ပါသနည်း။
ဤတွင် ပထမဦးစွာ ဗုဒ္ဓတရားတော်၏ အနှစ်သာရကို နားလည်သိမြင်စေဖို့ 
အထူးအရေးကြီးပါသည်။ ဗုဒ္ဓတရားတော်၏ ဦးတည်ချက်သည် သတ္တလောကကို ချမ်းသာစေဖို
့ဖြစ်ပါသည်။ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ဆောင်ရွက်ပေးဖို
့ဖြစ်ပါသည်။ မဟာကရုဏာတော်ဖြင့် ထိုထိုတရားတော်မြတ် ပိဋကတ်သုံးပုံ
ဟောကြားတော်မူခဲ့သော မြတ်ဗုဒ္ဓသည် ၄င်းဦးတည်ချက်ဖြည့်ဆည်းဖို့  စရိယ (၃)ပါး၊
မဟာပရိစ္စာဂ (၅)ပါး၊ ပါရမီ (၁၀)ပါးတို့ ကို ဆည်းပူးအားထုတ်တော်မူခဲ့ရသည်။ ထိုသို
့ဆည်းပူးနိုင်ခြင်း၏ အခြေခံတရားကြီး (၄)ပါးကား ဗြဟ္မာ့ဝိဟာရတရား = မေတ္တာ၊
ကရုဏာ၊
မုဒိတာ၊ ဥပေက္ခာတို့ ပါပင်တည်း။
အထက်ပါဖွင့်ဆိုချက်တို့ ကို လေးနက်စွာ ညှိနှိုင်းကောက်ချက်ချရပါလျင်
နိုင်ငံရေးသည်
(၁) ဗြဟ္မာ့ဝိဟာရတရား (၄) ပါး
(၂) စရိယ (၃) ပါး
(၃) မဟာပရိစ္စာဂ (၅) ပါး
(၄) ပါရမီ (၁၀)ပါး ဟူသော ဗုဒ္ဓတရားတော်များနှင့် ညီညွတ်သက်ဝင်နေသည်ကို မုချသေချာ
တွေ့ သိရပါသည်။ ယေဘုယျအားဖြင့်ဖြစ်စေ၊ ၀ိသေသအားဖြင့်ဖြစ်စေ ညီညွတ်သော
အဓိပ္ပါယ်ကို ကောက်ယူနားလည်နိုင်ပါသည်။ သို့ သော် အတ္တဟိတ ကိုယ်ကျိုးကို
ပဓာနမထားသော လောကကောင်းကျိုးအတွက် ဖြူစင်မြင့်မြတ်သော
နိုင်ငံရေးဆောင်ရွက်ချက်ဖြစ်ဖို့ ကား အဓိကကျပါသည်။
ထို့ ပြင် ရာဇဓမ္မ = မင်းကျင့်တရား (၁၀)ပါးသည်လည်း နိုင်ငံရေးတရားပင်ဖြစ်ပါသည်။
အဘယ့်ကြောင့်နည်း။ ရာဇဟူသော ပါဠိဝေါဟာရသည် “(၁၀)ပါးသောတရားဖြင့် လောက (သူတပါး၊
အများ) ကို နှစ်သက်ရွှင်ပျော် ချမ်းသာစေသူ” ဟူ၍ အဓိပ္ပါယ်ရှိပါသည်။ ထိုအဓိပ္ပါယ်အရ
နိုင်ငံ၏ ချမ်းသာမှုအတွက် ဖြူစင်စွာဆောင်ရွက်သူသည် ရာဇဓမ္မကို
လိုက်နာကျင့်သုံးခြင်းပင် ဖြစ်သောကြောင့်ပါတည်း။
အသေးစိတ်ရှင်းလင်း ဖွင့်ဆိုရပါလျှင် နိုင်ငံရေးဟူသည်...
ဗြဟ္မာ့ဝိဟာရတရား (၄)ပါး
(၁) မေတ္တာ = နိုင်ငံသားတို့ ၏ ကောင်းကျိုးစီးပွားကို ဆောင်ရွက်ခြင်း
(၂) ကရုဏာ = နိုင်ငံသားတို့ ကို ဆင်းရဲအပေါင်းမှ လွတ်မြောက်အောင်
ဆောင်ရွက်ခြင်း
(၃) မုဒိတာ = နိုင်ငံသားတို့ ကို ကြီးပွားတိုးတက်အောင် ဆောင်ရွက်ခြင်း
(၄) ဥပေက္ခာ = နိုင်ငံသားတို့ ၏ အကျိုးစီးပွားကို ဆောင်ရွက်ရာတွင် အဂတိကင်းစွာ
နိုင်ငံ၏ လောက၊ ဓမ္မဥပဒေနှင့် ညီညွတ်စွာဆောင်ရွက်ခြင်း
စရိယ (၃)ပါး
(၁) လောကတ္ထစရိယ = လောက၊ နိုင်ငံသားတို့ ၏ ကောင်းကျိုးကို ကျင့်ဆောင်ခြင်း
(၂) ဉာတတ္ထစရိယ = အမျိုးသားတို့ ၏ ကောင်းကျိုးကို ကျင့်ဆောင်ခြင်း
(၃) ဗုဒ္ဓတ္ထစရိယ = ထိုသို့ ဆောင်ရွက်ရာတွင် မိမိအပါအ၀င် လောကသားတို့ ၏
အသိဉာဏ်တည်းဟူသော အဓိက လောကီ၊ လောကုတ္တရာ ပညာရတနာအကျိုးကို ပဓာနဦးတည်
ကျင့်ဆောင်ခြင်း။
ပဟာပရိစ္စာဂ (၅)ပါး
(၁) ဓနပရိစ္စာဂ = နိုင်ငံသားတို့ ၏ ကောင်းကျိုးအတွက် ပစ္စည်းဥစ္စာများ စွန်
့လွှတ်ဆောင်ရွက်ရခြင်း
(၂) ဘရိယပရိစ္စာဂ = နိုင်ငံသားတို့ ၏ ကောင်းကျိုးအတွက် မိမိဇနီးမယား စွန်
့လွှတ်ဆောင်ရွက်ရခြင်း
(၃) ပုတ္တပရိစ္စာဂ = နိုင်ငံသားတို့ ၏ ကောင်းကျိုးအတွက် မိမိသားသမီးများ စွန်
့လွှတ်ဆောင်ရွက်ရခြင်း
(၄) အင်္ဂပရိစ္စာဂ = နိုင်ငံသားတို့ ၏ ကောင်းကျိုးအတွက် ခြေ၊ လက်အစရှိသော
ကိုယ်အင်္ဂါအစိတ်အပိုင်းများ စွန့် လွှတ်ဆောင်ရွက်ရခြင်း
(၅) ဇီဝိတပရိစ္စာဂ = နိုင်ငံသားတို့ ၏ ကောင်းကျိုးအတွက် မိမိအသက်ကို စွန်
့လွှတ်ဆောင်ရွက်ရခြင်း
ပါရမီ (၁၀)ပါး
(၁) ဒါနပါရမီ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို ပစ္စည်းဥစ္စာစွန့် လွှတ်
ကျင့်ဆောင်ခြင်း။
(၂) သီလပါရမီ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို ကိုယ်ကျင့်ဖြူစင်စွာ
ကျင့်ဆောင်ခြင်း။
(၃) နေက္ခမ္မပါရမီ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို လောဘကင်းစွာ
ကျင့်ဆောင်ခြင်း။
(၄) ပညာပါရမီ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို အသိဉာဏ်ပညာဖြင့်
ကျင့်ဆောင်ခြင်း။
(၅) ၀ီရိယပါရမီ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို ရဲရင့်တက်ကြွစွာ
ကျင့်ဆောင်ခြင်း။
(၆) ခန္တီပါရမီ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို သည်းခံအေးမြစွာ
ကျင့်ဆောင်ခြင်း။
(၇) သစ္စာပါရမီ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို
ဖြောင့်မတ်မှန်ကန်စွာ ကျင့်ဆောင်ခြင်း။
(၈) အဓိဋ္ဌာန်ပါရမီ = နိုင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို
ခိုင်မာပြတ်သားစွာ ကျင့်ဆောင်ခြင်း။
(၉) မေတ္တာပါရမီ = နိင်ငံသား၊ လောကသားတို့ ၏ ကောင်းကျိုးကို မေတ္တာတရားစစ်မှန်စွာ