Tuesday, September 27, 2011

တိုးတက်နေတဲ့အချိန်မှာ...

မြစ်ရေ တသွင်သွင် စီးဆင်းနေသကဲ့သို့ ခေတ်ရေစီးကြောင်းသည်လည် ထာဝရစဉ် ပြောင်းလဲလျက်ရှိသည်။ စကြာဝဠာ၊ ကမ္ဘာ၊ သက်ရှိသက်မဲ့ လောကများနှင့် ပတ်သက်သော အမှန်တရားများကို စူးစမ်းဆင်ခြင်သည့်၊ ဒဿနိက စနစ်သည်လည်း ယခင်က ဒြပ်ထုမဲ့ ဆင်ခြင်တွေးခေါ်ခဲ့ရာမှ ယခုအခါ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်သည့် စနစ်ကို အသုံးပြုလာပါသည်။ သိပ္ပံ၏တွ့ရှိချက်များကို အခြေခံ၍ ဆင်ခြင်သုံးသပ်သည့်စနစ်ကို ကျင့်သုံးလာပါသည်။ သိပ္ပံပညာသည်လည်း လူသားတို့၏ မြင်နိုင်သော စွမ်းရည်၊ ကြားနိုင်သော စွမ်းရည်၊ စမ်းသက်နိုင်သော စွမ်းရည်တို့ကို တိုးမြှင့်ပေးနိုင်သော ခေတ်မီကိရိယာများကို ကြံဆ တီထွင်ပြီးလျှင် သဘာဝ၏ အမှန်တရားကို စူးစမ်းရှာဖွေလျက်ရှိသည်။ လူသားတို့၏ ဆင်ခြင်စဉ်းစားနိုင်သော စွမ်းရည်ကိုပါ တိုးမြှင့်နိုင်သည့် ကွန်ပျူတာများ ကိုလည်း တီထွင်ဖော်ထုတ်နိုင်ခဲ့ပြီသည်။ တစ်ဆယ့်ကိုးရာစုနှစ်က စတင်အရှိန်ယူခဲ့ပြီး ဆယ်စုနှစ်တွင် တစ်ဟုန်ထိုး တိုးတက်လာသော သိပ္ပ၏ စွမ်းရည်ကြောင့် ယနေ့လူးသားတို့သည် ယခင်က မဖြစ်နိုင်ဟု ထင်မြင်ယူဆခဲ့ကြသည့် အံ့ဖွယ်ရာများစွာကို တီထွင်က အသုံးပြုနေကြပြီးဖြစ်သည်။ ကုန်ချိန်တန်ထောင်ပေါင်းများစွာ တင်ဆောင်နိုင်သော သင်္ဘောများကိုလည်း တီထွင်ခဲ့ကြပြီ။ ကျည်ဆန်ကဲ့သို့ လျင်မြန်သော ရထားများကိုလည်း အသုံးပြုနေကြပြီ။ ခရီသည် ရာပေါင်းများစွာကို တင်ဆောင်ကာ ကမ္ဘာ့လိုရာဒေသသို့ ၂၄နာရီအတွင်း ပျံသန်းနိုင်သည့် လေယာဉ် ကြီးများသည်လည်း ပေါ်ပေါက်လာကြာပြီ။ သိပ္ပံကိရိယာများကို တက်ဆင်ထားသော ဂြိုဟ်တုများနှင့် အာကာသယာဉ် စခန်းသည်လည်း ကမ္ဘကို ပတ်ပျံလျက်ရှိကြသည်။ ကမ္ဘာမြေပြင်ပေါ် မည်သည့်နေရာ၌မဆို ဖြစ်ပျက်နေသည့် သတင်းများကို တစ်ကမ္ဘာလုံးသို့ တစ်မုဟုတ်ချင်း ရုပ်သံဖြင် လွှင့်ပြနိုင်သော ခေတ်သို့လည်းရောက်ပါပြီး။ ဤသို့ အံ့ချီးဖွယ်ကောင်းကောင် တိုးထက်နေတဲ့ခေတ်ကြီးထဲမှာ
ကျနော်တို့ တောရွာကလေးများမှာဆိုလျှင် စတုတ္ထတန်းအောင်မြင်ပြီး ကျောင်းမနေနိုင်တဲ့ ကလေးသူငယ်လေးတွေများပါတယ်။ တောရွာဆိုတော့လဲ ဖွင့်ဖြိုးမှုကလဲနည်းပါး ကလေးသူငယ်လေးတွေက လည်း ပညာရေးကနိမ့်တော့၊ အသိဥာဏ် ဗဟုသုတကလည်း နည်းပါလာတယ်။ တောရွာတောဓလေ့မှာ အဓိကကတော့ လူကြီးတွေ အသိဥာဏ်နည်းပါးမှုကြောင့်ဖြစ်တယ်၊ အသိဥာဏ်မရှိကြတာက ပညာရေးကို လေးတန်းလောက်နဲ့ကြေနပ်ခဲ့ ကြာတာကို။ ကျနော်တို့ဘက်မှာဆို ပညာနည်းပါးလာတော့ မြို့ကြီးပြန်ကြီးသွားရမှာကိုကြောက်လာကြာတယ်၊ ကြောက်လာတော့ မရောက်ကြတော့ဘူးပေါ့ မရောက်တော့ အကြားမြင် ဗဟုသုတနည်းပါးလာကြတယ်။ လူကြီးတွေ ညံ့ဖျင်းလာတော့ မျိုးဆက်သစ် ကလေးသူငယ်တွေပါ ရောဂါပိုးများလို့ ကူးဆက်ကုန်ကြတာပေါ့၊ မရှိနွမ်းပါ ကလေးသူငယ်တွေ ပညရေး မြှင့်တင် တဲ့ အနေနဲ့ ဆရာတော်ဦးသီလာနန္ဒက ရည်ရွယ်ချက်ကြီးမားစွာဖြင့် ခုလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖွင့်လစ်ခဲ့ပါသည်။ ဆရာတော်လိုပဲ ကျနော်တို့ မြို့နယ်လေး(ရွှေဘိုမြို့နယ်)မှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း (၈)ကျောင်းမျှရှိပါသည်။ အစိုးရကျောင်းတွေမှာ မတက်နိုင်တဲ့ ကလေးသူငယ်များစွာကို ဘုန်းတော်ကြီးသင်ကျောင်းတွေက ပညာဒါနပြုလုပ်ထားတာဟာဖြင့် လွန်စွာဝမ်းသာစရာပင်ဖြစ်ပါသည်။ ခုဆိုလျင် ကျနော်တို့တောရွာလေးမှာ ဆယ်တန်းတက်တွေကော ဆယ်တန်းအောင်တွေကော များပြားလာတာတွေ့ရတာဟာဖြင့် ဝမ်းသာမဆုံးဖြစ်မိပါတယ်။ နောက်နှောင်မှာ လူထုကောင်းကျိုးအတွက် လင်းလက်လာမဲ့ ကြယ်ပွင့်လေးတွေလို့လဲ တွေးမိပြီး ဝမ်းသာမဆုံး တပြုံးပြုံး ဖြစ်ရပါသည်။

Saturday, September 24, 2011

ကျောင်းတော်ကြီးမှာ

ဂန္ထာရုံကျောင်းတိုက်အမှတ်(၄)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စတင်တည်းထောင်ခဲ့တာဟာ၊ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်ထိ သင်ကြားနေပါသည်၊ တက္ကသိုလ်ဝင်တန်းကို သကြားနိုင်တာဟာ ဤနှစ်နဲ့ဆို (၃)နှစ်မျှသာ ရှိပါသေးသည်၊ ပြီးခဲ့တဲ့ နှစ်ကအောင်မြင်ကတော့ ကလေးသူငယ်များမှာ ၂၀၀၉-၂၀၁၀ နှစ်မှာ (၁၂)ယောက်ဖြေး ကြားသည်မှာ (၅)ယောက်အောင်မြင်ခဲ့ပါသည်၊ ၂၀၁၀- ၂၀၁၁နှစ်မှာ (၁၃)ယောက်ဖြေဆိုရာမှာ (၈)ယောက်အောင်မြင်ခဲ့ပါသည်၊ ရှစ်ယောက်ထဲမှာ နှစ်ယောက် (၂)ယောက်ဂုဏ်ထူးပါဝင်ခဲ့ပါသည်၊ ဤကျောင်းတော်ကြီးသည် မရှိနွမ်းပါးသော မိဘမဲ့ ကလေးသူငယ်များကို ပညာဂုဏ်တင့်တယ်အောင်မြင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်များစွာဖြင့် ဖွင့်လင့်ခဲ့ပါသည်၊ စတင်ဖွင့်လစ်ခဲ့သောခုနှစ်မ(၂၀၀၂)မှ ၂၀၀၆ ခုနှစ်ထိ မည်သူမည်ဝါမှ ထောင့်ပန့်လှူဒါန်းခြင်းမရှိခဲ့ပါ ဆရာတော်ဦးသီလာနန္ဒတပါးတည်းသာ အများပြည်သူက လှူဒါန်းထားသော သူ့ရဲ့နဝကာမ အလှူငွေလေးကို ဆုဆောင်ထားကာ ရည်မှန်ချက်ရှိသည့်အတိုင်း ဆရာ/ဆရာမ လခအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်၊ လည်းကောင်းနောက်နှစ်များမှာ ရွှေဘိုမြို့ ရုပ်ပျိုဆေးတိုက်ပိုင်ရှင်ဖြစ်သော ဦးဘိုကြီးမိသားစုမှ တစ်လလျှင် နှစ်သောင်း(၂၀၀၀၀) ကျပ်၊ ရွှေဘိုမြို့ အမှတ်(၃) ရပ်ကွက်မှ ဦးအောင်မင်း+ဒေါ်သန်းသန်းရီ မိသားစုမှ တစ်သောင်း(၁၀၀၀၀)ကျပ် နှင့် နာလန္ဒာတက္ကသိုလ်မှ အရှင်ဥတ္တမ(ရွှေဘို)က တစ်သောင်း(၁၀၀၀၀)ကျပ်တို့ အသီးသီးလှူဒါန်းကြပြီး၊ ခရစ်သက္ကရာဇ်၂၀၀၈ နှစ်မှာ ရှိုင်းဟုတ်ကုမ္ပဏီမိသားစုမှ ကလေးသူငယ်များအတွက် ချမ်းချမ်းသာသာ ပညာသင်ယူနိုင်ရေးအတွက် စာသင်ကျောင်းဆောင်နှစ်ဆောင်လှူပြီး ဆရာ/ဆရာမလခဖြစ် တစ်လလျှင် လေးသိန်းခွဲ(၆၅၀၀၀၀)လှူဒါန်းနေပါသည်၊ ဤအမှတ်(၄)ဘုန်းတော်သင်ပညာရေးကျောင်း သည် ရွှေဘိုမြို့နယ်၌ အအောင်မြင်ဆုံး ပညာရေးကျောင်းလို့ပြောလို့ရပါသည်၊ ဆရာတော်သည် ကလေးသူငယ်များကို ပညာရေးသာမက လူမှုနယ်ပယ်မှာ နေတက်ထိုင်တက်ရေးဖြစ်သော မြတ်ဗုဒ္ဓ၏ ဆုံးမစာများကိုလဲ သင်ကြားပေးလျှက်ရှိပါသည်၊ လည်းကောင်းကျောင်းတိုက်မှာ နှစ်စဉ်နှစ်တိုင်း သူတော်ကောင်းသူမြတ်အပေါင်းတို့ ချမ်းသာစွာတရားဘာဝနာများ ပွားများနိုင်ရန် မဟာစည်သြဝါဒကိုခံယူကာ သီတင်းကျွတ် ဆယ်ရက်(၁၀) တရားစခန်းနှင့် တံခူးလသင်္ကြန်အကျရက်များမှာ ကိုးရက်(၉)တရားစခန်းပွဲများ ဖွင့်လစ်ထားလျှက်ရှိ ပါသည်၊ စာဖတ်သူ မိတ်ဆွေအပေါင်းကို သိချင်သောဆန္ဒဖြင့် ဥာဏ်မှီသလောက်လေး ရေးသားဖော်ပြထားပါသည်ဗျာ...။








တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသား/ ကောင်းသူလေးများ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ဂန္ထာရုံတိုက်သစ် အမှတ်(၄) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ

၂၀၀၉ /၂၀၁၀ တက္ကသိုလ်တန်းဝင်စာမေးပွဲ အောင်မြင်ကြသော ကျောင်းသူ/ကျောင်းသားများ စာရင်း။

မောင်ရဲကို - စဘ - ၂၂၂၀

မောင်အောင်ကိုလင်း - စဘ - ၂၂၂၉

မောင်အောင်ထက်ဦး - စဘ - ၂၂၃၉

မစုနိုင်မ - စဘ - ၃၀၈၆

မအေးမျိုး - စဘ - ၃၀၉၀

၂၀၁၀ /၂၀၁၁ တက္ကသိုလ်တန်းဝင်စာမေးပွဲ အောင်မြင်ကြသော ကျောင်းသူ/ကျောင်းသားများ စာရင်း။

မခင်ဂျူလိုင်ကို - စဘ - ၁၂၅၄ ( ဇီဝဗေဒ )

မရွှေရည်ဝင်း - စဘ - ၁၆၉၇

မမာဇင်ချို - စဘ - ၁၉၃၃

မောင်ရဲထွန်း - စဘ - ၁၉၃၆

မသူသူထွန်း - စဘ - ၁၉၃၇

မရွှေဇင်ဖြိုး - စဘ - ၁၉၄၁

မခင်မျိုးဇင် - စဘ - ၂၈၈၇

မသွယ်သွယ်ဌေး - စဘ -၂၈၉၀ ( ဘောဂဗေဒ )

Sunday, September 11, 2011

ကျောင်းတိုက်တည်သမိုင်း

ကျောင်းအ၀င် သမိုင်းဝင်ပခန်းစေတီတော်

ပန္နက်ရိုက်ခြင်း

သာသနာတော်နှစ် ၂၅၀၂ခုနှစ်၊ ကောဇာသက္ကရာဇ်၁၃၂၀ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၄)ရက်၊ နိုဝင်ဘာလ(၁၄)ရက်တနင်္လာနေ့တွင် ရွှေဘိုမြို့၊ အနောက်လက် ရုံးတောရွာဇာတိ ဖြစ်တော်မူသော နိုင်ငံတော်အစိုးရသာသနာဓဇသိရီပ၀ရဓမာစရိယဘွဲ့တံဆိပ်တော်ရသက်တော်(၃၇)နှစ်သိက်ခါတော်(၁၈)၀ါရ အရှင်ကေလာသဆရာတော်ဘုရားကြီးကို ဦးစီးနာယကာပြု၍ ပရိယတ္တိနယူးပဒေသဂန္ထာရုံတိုက် သစ် ကျောင်းတိုက်ကြီးကို စတင်တည်ထောင်ပန္နရိုက်သည်။

ကျောင်းအမည်မှည့်ခြင်း

ပရိယတ္တိစာပေသင်ကြားမှုတို့ နည်းဥပဒေတို့ကိုညွှန်ပြပေးခြင်း၊ ပိဋကတ်တော်ကျမ်းစာတို့ကို ပဓာနပြု ချပို့ပေးသော အာရာမ်ဖြစ်ခြင်း ၊အသစ်ဖြစ်သောမြေနေရာ ကျောင်းတိုက်သစ်တည်ထောင်ခြင်းတို့ကို အစွဲပြု အနွတ္ထသညာ၏အစွမ်းဖြင့် “ပရိယတ္တိနယူးပဒေသဂန္ထာရုံတိုက်သစ်” ဟု မှည့်ထားသည်။

အာရာမ်မြေလှူခြင်း

သာသနာတော်နှစ် ၂၅၀၂-ခုနှစ်ကောဇာသက္ကရာဇ်၁၃၂၀-ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၀)ရက်၊ ခရစ်နှစ် ၁၉၅၈ခုနှစ်နိုဝင်ဘာလ(၂၂)ရက်ဗုဒ္ဓဟူးနေ့တွင် ရွှေဘိုမြို့ဆင်ရုံရပ်ဦးသစ်+ဒေါ်သိန်းတင်မိသားစုတို့က ကျောင်းဆောက်ရန် (၄.၂)ဧကမြေနေရာများကိုလှူဒါန်းကြသည့် မဟာစည်ရိပ်သာဖွင့်သောနှစ်၊ ၁၃၄၁ ခုနှစ်ဝါခေါင်လဆန်း(၉)ရက်(၃.၈.၇၉)ဗုဒ္ဓဟူးနေ့ ၀ိပဿနာဂန္ထရုံရိပ်သာဖွင့်လှစ်ပါသည်။ ကမ္ဘာ့သာသနာပြု မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ကြွရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

ဘ/ကဖွင့်သောနှစ်

၁၃၆၄-ခုနှစ်၊ ကဆုန်လဆုတ်(၇)ရက်(၂.၆.၂၀၀၂)ခု၊ တနင်္ဂနွေနေ့တွင် အမှတ်(၄)ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းကို ဂန္ထာရုံတိုက်သစ်ကျောင်းဝင်းအတွင်း၌ ဖွင့်လှစ်ခဲ့ပါသည်။