Saturday, June 30, 2012

ကျောင်းတိုက်သမိုင်း

ဘဒ္ဒန္တကေလာသ

ပန္နက်ရိုက်ခြင်း
သာသနာတော်နှစ် ၂၅၀၂ခုနှစ်၊ ကောဇာသက္ကရာဇ်၁၃၂၀ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၄)ရက်၊ နိုဝင်ဘာလ(၁၄)ရက်တနင်္လာနေ့တွင် ရွှေဘိုမြို့၊ အနောက်လက် ရုံးတောရွာဇာတိ ဖြစ်တော်မူသော နိုင်ငံတော်အစိုးရသာသနာဓဇသိရီပ၀ရဓမာစရိယဘွဲ့တံဆိပ်တော်ရသက်တော်(၃၇)နှစ်သိက်ခါတော်(၁၈)၀ါရ အရှင်ကေလာသဆရာတော်ဘုရားကြီးကို ဦးစီးနာယကာပြု၍ ပရိယတ္တိနယူးပဒေသဂန္ထာရုံတိုက် သစ် ကျောင်းတိုက်ကြီးကို စတင်တည်ထောင်ပန္နရိုက်သည်။
ကျောင်းအမည်မှည့်ခြင်း
ပရိယတ္တိစာပေသင်ကြားမှုတို့ နည်းဥပဒေတို့ကိုညွှန်ပြပေးခြင်း၊ ပိဋကတ်တော်ကျမ်းစာတို့ကို ပဓာနပြု ချပို့ပေးသော အာရာမ်ဖြစ်ခြင်း ၊အသစ်ဖြစ်သောမြေနေရာ ကျောင်းတိုက်သစ်တည်ထောင်ခြင်းတို့ကို အစွဲပြု အနွတ္ထသညာ၏အစွမ်းဖြင့် “ပရိယတ္တိနယူးပဒေသဂန္ထာရုံတိုက်သစ်” ဟု မှည့်ထားသည်။
အာရာမ်မြေလှူခြင်း
သာသနာတော်နှစ် ၂၅၀၂-ခုနှစ်ကောဇာသက္ကရာဇ်၁၃၂၀-ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၀)ရက်၊ ခရစ်နှစ် ၁၉၅၈ခုနှစ်နိုဝင်ဘာလ(၂၂)ရက်ဗုဒ္ဓဟူးနေ့တွင် ရွှေဘိုမြို့ဆင်ရုံရပ်ဦးသစ်+ဒေါ်သိန်းတင်မိသားစုတို့က ကျောင်းဆောက်ရန် (၄.၂)ဧကမြေနေရာများကိုလှူဒါန်းကြသည့် မဟာစည်ရိပ်သာဖွင့်သောနှစ်၊ ၁၃၄၁ ခုနှစ်ဝါခေါင်လဆန်း(၉)ရက်(၃.၈.၇၉)ဗုဒ္ဓဟူးနေ့ ၀ိပဿနာဂန္ထရုံရိပ်သာဖွင့်လှစ်ပါသည်။ ကမ္ဘာ့သာသနာပြု မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ကြွရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
 ဆရာတော်ဘုရားကြီးသည် သာသနအလုပ်များကို ကိုယ့်ကျိုးမဘက် အများကျိုးအတွက်သာ လုပ်ကိုင်တော်မူသောကြောင့် ကျောင်းတိုက်ကြီးမှာ ယနေ့တိုင် နောက်ဆက်တွယ် သာသနပြုပုဂ္ဂိုလ်များ ချမ်းချမ်းသာသာနေ၍ အများကျိုးဆောင်ရွတ်နေကြပါသည်။
ဘ/ကဖွင့်သောနှစ်
၁၃၆၄-ခုနှစ်၊ ကဆုန်လဆုတ်(၇)ရက်(၂.၆.၂၀၀၂)ခု၊ တနင်္ဂနွေနေ့တွင် အမှတ်(၄)ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းကို ဂန္ထာရုံတိုက်သစ်ကျောင်းဝင်းအတွင်း၌ ဖွင့်လှစ်ခဲ့ပါသည်။

အမေစုသို့ဦးညွတ်ခြင်း


အမေရေ……………

ကျန်းမာအောင်နေပါ အမေ……….
ကျွန်တော်တို့ တိုင်းရင်းသား
ညီနောင်ဘွားအားလုံးရဲ့
အားအထားရဆုံး အမေ………
ရင်ထဲမှာ မြွတ်သိပ်ကျပ်နေတဲ့
အနာဂါတ်တွေ
မျှော်လင့်ချက်တွေ
မျှော်မှန်းချက်တွေ…..နဲ့
ငြိမ်းချမ်းသာယာရေး
ပညာရေး ကျန်းမာရေး
လူမှုရေး စီးပွားရေး
စည်းလုံးညီညွှတ်ရေး..ဆိုတဲ့
အရေးကိစ္စအဝဝ
အမေ့ရဲ့တန်းတူညီမျှတဲ့သဘောထား
ကြီးမားတဲ့စွမ်းဆောင်မှု
အရာရာကိုအန်တုနိုင်တဲ့သတ္တိ
တက်သိနာလည်လွန်းတဲ့ဆင်ခြင်တုံ
မြင်ယုံနဲ့ကြည်ညိုရတဲ့အစွမ်းတွေနဲ့
လမ်းခင်းပေးပါ အမေ…..။

အမေခင်းတဲ့လမ်း
ဘယ်လောက်ကြမ်းကြမ်းလျှောက်မယ်
မပျောက်ကွယ်နိုင်တဲ့ အောင်ဆန်းအမွေ
လက်ဆင့်ကမ်းလို့ လမ်းပြပါ အမေ…
ကျွန်တော်တို့ဟာ နှစ်ပေါင်းမြှောက်များစွာ
အာဏာ မာယာ
အသပြာတွေနဲ့ဖျက်စီးလို့
ကျပ်စီးနေကြပါပြီ အမေ…..
လာဘ်ပေးလို့ လာဘ်ယူ
မကြည်ဖြူလဲထုံးစံမို့
မရုန်းကန်ဝဲဂယက် သဲပက်သူလို့ အထင်မခံ
ဆင်ကြံကြံကုန်ကြပြီ အမေ…
ကမ္ဘာမှာ မြန်မာဟာ
အရာရာမှာ နှိမ့်ကျ
သိပ်မလှတဲ့ ဘဝဆူးလမ်းတွေမှာ
နင်းကြမ်းဂလေစိုက်လို့
အခြေခိုက်နေကြာပြီ အမေ…
ဘယ်နေရာသွားသွား
သနားတက်တယ်ဆိုတဲ့ မျက်လုံးတွေအောက်
ရှက်ပြုံးတွေ တောက်လျှောက်ခင်း
ဝပ်စင်းခံခဲ့ရတဲ့ အဖြစ်
ဘယ်သူအပြစ်တွေလဲ အမေ……
မြန်မာဖြစ်ရတဲ့ ဘဝမှာ
နှိမ့်ချကြတဲ့မျက်ဝန်တွေအောက်က
လွတ်မြှောက်ချင်ပြီ အမေ……
အာဏာရှင်တွေရဲ့
မာယာဆင်ထောင်ခြောက်ကိုလည်း
ကျွန်တော်တို့ ကြောက်ရတယ် အမေ…..
လူ့ဘဝမှာ ပြုသမျှကိုလှိမ်ခံ
မတုန့်ပြန်နိုင်အရှုံးပေးခဲ့ရတော့
အမုန်းသွေးတွေနဲ့ နှောင်ထပ်
အောင်ဓါတ်ကိုတမ်းတ
မှန်းဆခဲ့ရတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီးပေါ့…..
အမေပြောတဲ့ အဟောသိကံ
မတုန့်ပြန်ပြေအေးမှ
အတွေတွေဘေးကလွတ်မြောက်
ကျွတ်လောက်ရဲ့ အဆိုးကံကြမ္မာ
ဒီသံသရာကိုငြိမ်းအေးမယ်တဲ့……..
ဘယ်လောက်လဲ ဘယ်အထိလဲ အမေ……
အမေ့ရဲ့လောကဓံ အမေခံခဲ့ရတဲ့ ဒုက္ခတရား
အမေခံနိုင်ခဲ့တာ ဟုတ်ပါ့မလားလို့
ထုတ်ပြမကြွားခဲ့ပေမဲ့
အမေဟာတရားရှင်
ဖြူစင်တဲ့ မေတ္တာဓါတ်တွေနဲ့
ရောက်ပြန်ဟပ်စေခဲ့တာ
အမေ မကြေငြာလည်း
တစ်ကမ္ဘာလုံးက သိတယ် အမေ…
ဒါကြောင့်…….
နှစ်ထောင့်ဆယ့်နှစ်
ဧပြီတစ် အောင်ပွဲမှာ
ဘယ်လိုမှရှောင်လွှဲလို့မရအောင်
အကြွင်းမဲ့လှမ ချိုမြိန်ခဲ့တာပေါ့…….
ပျော်တယ် အမေ
ပျော်လိုက်တာ အမေရယ်
ကြီးကျယ်တဲ့ အောင်ပွဲမဟုတ်ပေမဲ့
မြုပ်နေတဲ့ ပတ္တမြား
ဘယ်တော့မှ နွံမနစ်ပါလားလို့
ကြုံးဝါးလို့ကြွေကြော်
အမေသက်ရာကျော်ရှည်ပါစေ…….
သားတို့တကယ်ပျော်နေတာ အမေ….
၂၀၁၂ ဧပြီတစ်ရက် ည ၉း၄၅ အမှတ်တရ

ဧရာဝတီတပ်လှန့်သံ


အတွေတစ်စဟာ ထွေးမရ အန်မရနဲ့၊

ဟန်မကျဘူးဖြစ်နေတယ်…….

ဘယ်လိုတွေးတွေး ဖြစ်ဆုံရေးဟာ၊

ထွေးချလိုအန်းထုတ်ရင်တောင်၊

ဟန်လုပ်နေသလား

ရေးကစားတာတော့ မဟုတ်တန်ရာဘူး…..

တစ်ဆင့်ပျက်ရင် အခွင့်တစ်ချက်တိုးပြီး၊

မရိုးမသားကိစ္စကို အတိုးထားအရိပ်ပြ၊

တို့မြန်မာနိမ့်ကျလို့ ဒီလိုလုပ်ရဲတာလား….

သမ္မတအမိန့် တိုင်းပြည်ရဲ့တံဆိပ်ကို၊

မလိမ့်တပတ်နဲ့ အချိုသက်၊

အလိုမပြတ် ဖီဆန်တာ၊

ဒီရန်ဟာစော်ကားတာ မဟုတ်လား…..

လွတ်လတ်တဲ့ပြည်ထောင်

ညီနောင်ငံ့တိုင်းရင်းသား

ယိုင်းပင်းထားတွဲလက်

မြဲယှက်လို့ ဒီတစ်ခါချီ

ဧရာဝတီအတွက်ညီညွတ်စို့…….။


(ဇော်အဲခွါ)