အမေရေ……………
ကျန်းမာအောင်နေပါ အမေ……….
ကျွန်တော်တို့ တိုင်းရင်းသား
ညီနောင်ဘွားအားလုံးရဲ့
အားအထားရဆုံး အမေ………
ရင်ထဲမှာ မြွတ်သိပ်ကျပ်နေတဲ့
အနာဂါတ်တွေ
မျှော်လင့်ချက်တွေ
မျှော်မှန်းချက်တွေ…..နဲ့
ငြိမ်းချမ်းသာယာရေး
ပညာရေး ကျန်းမာရေး
လူမှုရေး စီးပွားရေး
စည်းလုံးညီညွှတ်ရေး..ဆိုတဲ့
အရေးကိစ္စအဝဝ
အမေ့ရဲ့တန်းတူညီမျှတဲ့သဘောထား
ကြီးမားတဲ့စွမ်းဆောင်မှု
အရာရာကိုအန်တုနိုင်တဲ့သတ္တိ
တက်သိနာလည်လွန်းတဲ့ဆင်ခြင်တုံ
မြင်ယုံနဲ့ကြည်ညိုရတဲ့အစွမ်းတွေနဲ့
လမ်းခင်းပေးပါ အမေ…..။
အမေခင်းတဲ့လမ်း
ဘယ်လောက်ကြမ်းကြမ်းလျှောက်မယ်
မပျောက်ကွယ်နိုင်တဲ့ အောင်ဆန်းအမွေ
လက်ဆင့်ကမ်းလို့ လမ်းပြပါ အမေ…
ကျွန်တော်တို့ဟာ နှစ်ပေါင်းမြှောက်များစွာ
အာဏာ မာယာ
အသပြာတွေနဲ့ဖျက်စီးလို့
ကျပ်စီးနေကြပါပြီ အမေ…..
လာဘ်ပေးလို့ လာဘ်ယူ
မကြည်ဖြူလဲထုံးစံမို့
မရုန်းကန်ဝဲဂယက် သဲပက်သူလို့ အထင်မခံ
ဆင်ကြံကြံကုန်ကြပြီ အမေ…
ကမ္ဘာမှာ မြန်မာဟာ
အရာရာမှာ နှိမ့်ကျ
သိပ်မလှတဲ့ ဘဝဆူးလမ်းတွေမှာ
နင်းကြမ်းဂလေစိုက်လို့
အခြေခိုက်နေကြာပြီ အမေ…
ဘယ်နေရာသွားသွား
သနားတက်တယ်ဆိုတဲ့ မျက်လုံးတွေအောက်
ရှက်ပြုံးတွေ တောက်လျှောက်ခင်း
ဝပ်စင်းခံခဲ့ရတဲ့ အဖြစ်
ဘယ်သူအပြစ်တွေလဲ အမေ……
မြန်မာဖြစ်ရတဲ့ ဘဝမှာ
နှိမ့်ချကြတဲ့မျက်ဝန်တွေအောက်က
လွတ်မြှောက်ချင်ပြီ အမေ……
အာဏာရှင်တွေရဲ့
မာယာဆင်ထောင်ခြောက်ကိုလည်း
ကျွန်တော်တို့ ကြောက်ရတယ် အမေ…..
လူ့ဘဝမှာ ပြုသမျှကိုလှိမ်ခံ
မတုန့်ပြန်နိုင်အရှုံးပေးခဲ့ရတော့
အမုန်းသွေးတွေနဲ့ နှောင်ထပ်
အောင်ဓါတ်ကိုတမ်းတ
မှန်းဆခဲ့ရတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီးပေါ့…..
အမေပြောတဲ့ အဟောသိကံ
မတုန့်ပြန်ပြေအေးမှ
အတွေတွေဘေးကလွတ်မြောက်
ကျွတ်လောက်ရဲ့ အဆိုးကံကြမ္မာ
ဒီသံသရာကိုငြိမ်းအေးမယ်တဲ့……..
ဘယ်လောက်လဲ ဘယ်အထိလဲ အမေ……
အမေ့ရဲ့လောကဓံ အမေခံခဲ့ရတဲ့ ဒုက္ခတရား
အမေခံနိုင်ခဲ့တာ ဟုတ်ပါ့မလားလို့
ထုတ်ပြမကြွားခဲ့ပေမဲ့
အမေဟာတရားရှင်
ဖြူစင်တဲ့ မေတ္တာဓါတ်တွေနဲ့
ရောက်ပြန်ဟပ်စေခဲ့တာ
အမေ မကြေငြာလည်း
တစ်ကမ္ဘာလုံးက သိတယ် အမေ…
ဒါကြောင့်…….
နှစ်ထောင့်ဆယ့်နှစ်
ဧပြီတစ် အောင်ပွဲမှာ
ဘယ်လိုမှရှောင်လွှဲလို့မရအောင်
အကြွင်းမဲ့လှမ ချိုမြိန်ခဲ့တာပေါ့…….
ပျော်တယ် အမေ
ပျော်လိုက်တာ အမေရယ်
ကြီးကျယ်တဲ့ အောင်ပွဲမဟုတ်ပေမဲ့
မြုပ်နေတဲ့ ပတ္တမြား
ဘယ်တော့မှ နွံမနစ်ပါလားလို့
ကြုံးဝါးလို့ကြွေကြော်
အမေသက်ရာကျော်ရှည်ပါစေ…….
သားတို့တကယ်ပျော်နေတာ အမေ….
၂၀၁၂ ဧပြီတစ်ရက် ည ၉း၄၅ အမှတ်တရ
0 comments:
Post a Comment