Tuesday, September 27, 2011

တိုးတက်နေတဲ့အချိန်မှာ...

မြစ်ရေ တသွင်သွင် စီးဆင်းနေသကဲ့သို့ ခေတ်ရေစီးကြောင်းသည်လည် ထာဝရစဉ် ပြောင်းလဲလျက်ရှိသည်။ စကြာဝဠာ၊ ကမ္ဘာ၊ သက်ရှိသက်မဲ့ လောကများနှင့် ပတ်သက်သော အမှန်တရားများကို စူးစမ်းဆင်ခြင်သည့်၊ ဒဿနိက စနစ်သည်လည်း ယခင်က ဒြပ်ထုမဲ့ ဆင်ခြင်တွေးခေါ်ခဲ့ရာမှ ယခုအခါ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်သည့် စနစ်ကို အသုံးပြုလာပါသည်။ သိပ္ပံ၏တွ့ရှိချက်များကို အခြေခံ၍ ဆင်ခြင်သုံးသပ်သည့်စနစ်ကို ကျင့်သုံးလာပါသည်။ သိပ္ပံပညာသည်လည်း လူသားတို့၏ မြင်နိုင်သော စွမ်းရည်၊ ကြားနိုင်သော စွမ်းရည်၊ စမ်းသက်နိုင်သော စွမ်းရည်တို့ကို တိုးမြှင့်ပေးနိုင်သော ခေတ်မီကိရိယာများကို ကြံဆ တီထွင်ပြီးလျှင် သဘာဝ၏ အမှန်တရားကို စူးစမ်းရှာဖွေလျက်ရှိသည်။ လူသားတို့၏ ဆင်ခြင်စဉ်းစားနိုင်သော စွမ်းရည်ကိုပါ တိုးမြှင့်နိုင်သည့် ကွန်ပျူတာများ ကိုလည်း တီထွင်ဖော်ထုတ်နိုင်ခဲ့ပြီသည်။ တစ်ဆယ့်ကိုးရာစုနှစ်က စတင်အရှိန်ယူခဲ့ပြီး ဆယ်စုနှစ်တွင် တစ်ဟုန်ထိုး တိုးတက်လာသော သိပ္ပ၏ စွမ်းရည်ကြောင့် ယနေ့လူးသားတို့သည် ယခင်က မဖြစ်နိုင်ဟု ထင်မြင်ယူဆခဲ့ကြသည့် အံ့ဖွယ်ရာများစွာကို တီထွင်က အသုံးပြုနေကြပြီးဖြစ်သည်။ ကုန်ချိန်တန်ထောင်ပေါင်းများစွာ တင်ဆောင်နိုင်သော သင်္ဘောများကိုလည်း တီထွင်ခဲ့ကြပြီ။ ကျည်ဆန်ကဲ့သို့ လျင်မြန်သော ရထားများကိုလည်း အသုံးပြုနေကြပြီ။ ခရီသည် ရာပေါင်းများစွာကို တင်ဆောင်ကာ ကမ္ဘာ့လိုရာဒေသသို့ ၂၄နာရီအတွင်း ပျံသန်းနိုင်သည့် လေယာဉ် ကြီးများသည်လည်း ပေါ်ပေါက်လာကြာပြီ။ သိပ္ပံကိရိယာများကို တက်ဆင်ထားသော ဂြိုဟ်တုများနှင့် အာကာသယာဉ် စခန်းသည်လည်း ကမ္ဘကို ပတ်ပျံလျက်ရှိကြသည်။ ကမ္ဘာမြေပြင်ပေါ် မည်သည့်နေရာ၌မဆို ဖြစ်ပျက်နေသည့် သတင်းများကို တစ်ကမ္ဘာလုံးသို့ တစ်မုဟုတ်ချင်း ရုပ်သံဖြင် လွှင့်ပြနိုင်သော ခေတ်သို့လည်းရောက်ပါပြီး။ ဤသို့ အံ့ချီးဖွယ်ကောင်းကောင် တိုးထက်နေတဲ့ခေတ်ကြီးထဲမှာ
ကျနော်တို့ တောရွာကလေးများမှာဆိုလျှင် စတုတ္ထတန်းအောင်မြင်ပြီး ကျောင်းမနေနိုင်တဲ့ ကလေးသူငယ်လေးတွေများပါတယ်။ တောရွာဆိုတော့လဲ ဖွင့်ဖြိုးမှုကလဲနည်းပါး ကလေးသူငယ်လေးတွေက လည်း ပညာရေးကနိမ့်တော့၊ အသိဥာဏ် ဗဟုသုတကလည်း နည်းပါလာတယ်။ တောရွာတောဓလေ့မှာ အဓိကကတော့ လူကြီးတွေ အသိဥာဏ်နည်းပါးမှုကြောင့်ဖြစ်တယ်၊ အသိဥာဏ်မရှိကြတာက ပညာရေးကို လေးတန်းလောက်နဲ့ကြေနပ်ခဲ့ ကြာတာကို။ ကျနော်တို့ဘက်မှာဆို ပညာနည်းပါးလာတော့ မြို့ကြီးပြန်ကြီးသွားရမှာကိုကြောက်လာကြာတယ်၊ ကြောက်လာတော့ မရောက်ကြတော့ဘူးပေါ့ မရောက်တော့ အကြားမြင် ဗဟုသုတနည်းပါးလာကြတယ်။ လူကြီးတွေ ညံ့ဖျင်းလာတော့ မျိုးဆက်သစ် ကလေးသူငယ်တွေပါ ရောဂါပိုးများလို့ ကူးဆက်ကုန်ကြတာပေါ့၊ မရှိနွမ်းပါ ကလေးသူငယ်တွေ ပညရေး မြှင့်တင် တဲ့ အနေနဲ့ ဆရာတော်ဦးသီလာနန္ဒက ရည်ရွယ်ချက်ကြီးမားစွာဖြင့် ခုလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖွင့်လစ်ခဲ့ပါသည်။ ဆရာတော်လိုပဲ ကျနော်တို့ မြို့နယ်လေး(ရွှေဘိုမြို့နယ်)မှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း (၈)ကျောင်းမျှရှိပါသည်။ အစိုးရကျောင်းတွေမှာ မတက်နိုင်တဲ့ ကလေးသူငယ်များစွာကို ဘုန်းတော်ကြီးသင်ကျောင်းတွေက ပညာဒါနပြုလုပ်ထားတာဟာဖြင့် လွန်စွာဝမ်းသာစရာပင်ဖြစ်ပါသည်။ ခုဆိုလျင် ကျနော်တို့တောရွာလေးမှာ ဆယ်တန်းတက်တွေကော ဆယ်တန်းအောင်တွေကော များပြားလာတာတွေ့ရတာဟာဖြင့် ဝမ်းသာမဆုံးဖြစ်မိပါတယ်။ နောက်နှောင်မှာ လူထုကောင်းကျိုးအတွက် လင်းလက်လာမဲ့ ကြယ်ပွင့်လေးတွေလို့လဲ တွေးမိပြီး ဝမ်းသာမဆုံး တပြုံးပြုံး ဖြစ်ရပါသည်။

0 comments:

Post a Comment