ဤဂန္ထာရုံကျောင်းတိုက်အမှတ်(၄)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စတင်တည်းထောင်ခဲ့တာဟာ၊ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်ထိ သင်ကြားနေပါသည်၊ တက္ကသိုလ်ဝင်တန်းကို သကြားနိုင်တာဟာ ဤနှစ်နဲ့ဆို (၃)နှစ်မျှသာ ရှိပါသေးသည်၊ ပြီးခဲ့တဲ့ နှစ်ကအောင်မြင်ကတော့ ကလေးသူငယ်များမှာ ၂၀၀၉-၂၀၁၀ နှစ်မှာ (၁၂)ယောက်ဖြေး ကြားသည်မှာ (၅)ယောက်အောင်မြင်ခဲ့ပါသည်၊ ၂၀၁၀- ၂၀၁၁နှစ်မှာ (၁၃)ယောက်ဖြေဆိုရာမှာ (၈)ယောက်အောင်မြင်ခဲ့ပါသည်၊ ရှစ်ယောက်ထဲမှာ နှစ်ယောက် (၂)ယောက်ဂုဏ်ထူးပါဝင်ခဲ့ပါသည်၊ ဤကျောင်းတော်ကြီးသည် မရှိနွမ်းပါးသော မိဘမဲ့ ကလေးသူငယ်များကို ပညာဂုဏ်တင့်တယ်အောင်မြင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်များစွာဖြင့် ဖွင့်လင့်ခဲ့ပါသည်၊ စတင်ဖွင့်လစ်ခဲ့သောခုနှစ်မ(၂၀၀၂)မှ ၂၀၀၆ ခုနှစ်ထိ မည်သူမည်ဝါမှ ထောင့်ပန့်လှူဒါန်းခြင်းမရှိခဲ့ပါ ဆရာတော်ဦးသီလာနန္ဒတပါးတည်းသာ အများပြည်သူက လှူဒါန်းထားသော သူ့ရဲ့နဝကာမ အလှူငွေလေးကို ဆုဆောင်ထားကာ ရည်မှန်ချက်ရှိသည့်အတိုင်း ဆရာ/ဆရာမ လခအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်၊ လည်းကောင်းနောက်နှစ်များမှာ ရွှေဘိုမြို့ ရုပ်ပျိုဆေးတိုက်ပိုင်ရှင်ဖြစ်သော ဦးဘိုကြီးမိသားစုမှ တစ်လလျှင် နှစ်သောင်း(၂၀၀၀၀) ကျပ်၊ ရွှေဘိုမြို့ အမှတ်(၃) ရပ်ကွက်မှ ဦးအောင်မင်း+ဒေါ်သန်းသန်းရီ မိသားစုမှ တစ်သောင်း(၁၀၀၀၀)ကျပ် နှင့် နာလန္ဒာတက္ကသိုလ်မှ အရှင်ဥတ္တမ(ရွှေဘို)က တစ်သောင်း(၁၀၀၀၀)ကျပ်တို့ အသီးသီးလှူဒါန်းကြပြီး၊ ခရစ်သက္ကရာဇ်၂၀၀၈ နှစ်မှာ ရှိုင်းဟုတ်ကုမ္ပဏီမိသားစုမှ ကလေးသူငယ်များအတွက် ချမ်းချမ်းသာသာ ပညာသင်ယူနိုင်ရေးအတွက် စာသင်ကျောင်းဆောင်နှစ်ဆောင်လှူပြီး ဆရာ/ဆရာမလခဖြစ် တစ်လလျှင် လေးသိန်းခွဲ(၆၅၀၀၀၀)လှူဒါန်းနေပါသည်၊ ဤအမှတ်(၄)ဘုန်းတော်သင်ပညာရေးကျောင်း သည် ရွှေဘိုမြို့နယ်၌ အအောင်မြင်ဆုံး ပညာရေးကျောင်းလို့ပြောလို့ရပါသည်၊ ဆရာတော်သည် ကလေးသူငယ်များကို ပညာရေးသာမက လူမှုနယ်ပယ်မှာ နေတက်ထိုင်တက်ရေးဖြစ်သော မြတ်ဗုဒ္ဓ၏ ဆုံးမစာများကိုလဲ သင်ကြားပေးလျှက်ရှိပါသည်၊ လည်းကောင်းကျောင်းတိုက်မှာ နှစ်စဉ်နှစ်တိုင်း သူတော်ကောင်းသူမြတ်အပေါင်းတို့ ချမ်းသာစွာတရားဘာဝနာများ ပွားများနိုင်ရန် မဟာစည်သြဝါဒကိုခံယူကာ သီတင်းကျွတ် ဆယ်ရက်(၁၀) တရားစခန်းနှင့် တံခူးလသင်္ကြန်အကျရက်များမှာ ကိုးရက်(၉)တရားစခန်းပွဲများ ဖွင့်လစ်ထားလျှက်ရှိ ပါသည်၊ စာဖတ်သူ မိတ်ဆွေအပေါင်းကို သိချင်သောဆန္ဒဖြင့် ဥာဏ်မှီသလောက်လေး ရေးသားဖော်ပြထားပါသည်ဗျာ...။
Saturday, September 24, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment